ဒီသင်တန်းကို Facebook ကြော်ငြာမှာ စတွေ့ကတည်းက တက်ချင်နေခဲ့တာ။ Checkbox မှာ သွားစုံစမ်းပြီး အချိန်အခက်ခဲကြောင့်ကျနော်မတက်ဖြစ်ခဲ့ဘူး။
တကယ်တန်းစတက်တော့လည်း စတက်တဲ့နေ့မှာပဲ့ ပျော်နေခဲ့တာ။ ဝါသနာတူ ညီအစ်ကိုတွေနဲ့လဲတွေ့တော့ ပိုပျော်ရတာပေါ့ဗျာ။ သင်ပေးတဲ့ ကိုရု ကလဲ သဘောကောင်းပါတယ်။
Tutorials တွေအပြင် တခြား Real World က အဖြစ်များတဲ့ vul တွေပါ စမ်းပြတော့ ကျနော်တို့အတွတ် ပညာတော်တော်ရတာပေါ့။ ကိုရု က အတန်းထဲမှာ တချို့ အကိုတွေဆို နားမလည်တာကို
စိတ်ရှည်ရှည်နဲ့ အကြာကြီး သေချာနားလည်အောင် ရှင်းပြနေတာကို ကျနော် သဘောအကျဆုံးအချက်တစ်ချက်ပဲ့။သေချာတဲ့ အချက်တစ်ချက်ကတော့ ကျနော်ကတော့ ကိုရုလို စိတ်ရှည်မှာမဟုတ်ပါဘူး။
အဆင်မပြေတာဆိုတာကို မရှိသလောက်ပါပဲ့။ သင်ကြားရေးမှာ Attack and Defence ပိုင်းပါသင်ကြားပြသပေးတော့ ပိုအဆင်ပြေတာပေါ့။တကယ်လို မိတ်တွေက Web အပိုင်းကိုလိုက်မယ်ဆိုရင် Security အပိုင်းကလဲ မသိမဖြစ်ဆိုတော့ ဒီအတန်းကို တတ်တော့မှ တော်တော်မျက်စိပွင့်၊နားပွင့်ဖြစ်လာခဲ့တာ။ သင်ကြားပေးတဲ့ ကိုရု ကို အားအကျဆုံးပဲ့ ။ သင်တန်းကောင်းဆိုတာ တကယ်အာမခံပါတယ်ဗျာ...